သံတောင်ကြီး ဇွန် ၉
မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ရာ သံတောင်ကြီးမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ၄၈ဒဿမ၁၉ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သံတောင်ကြီးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂) ခုတွင် ဖြေဆိုသူ ကျောင်းသူ/ကျောင်းသား (၈၃) ဦးရှိပြီး အောင်မြင်သူ (၄၀) ဦးဖြစ်ကာ သုံးဘာသာဂုဏ်ထူးရှင်(၆)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၁၀)ဦး၊ စုစုပေါင်း (၂၃)ဦး ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး ရိုးရိုးအောင်မြင်သူ (၁၇)ဦး စုစုပေါင်းအောင်မြင်သူ (၄၀)ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှသိရသည်။
နော်နော်မူ