သရက်ချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာပေးလျက်ရှိ

သရက်ချောင်း   ဇွန်    ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် (အ-ထ-က) သရက်ချောင်းကျောင်းစာစစ်ဌာန ကြော်ငြာသင်ပုန်းတို့တွင် ယနေ့နံနက် ၆နာရီအချိန်က တစ်ပြိုင်တည်းထုတ်ပြန်ကြေညာပေးလျက်ရှိသည်။

သရက်ချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် (အ-ထ-က)သရက်ချောင်းစာစစ်ဌာန၌ ကျောင်းတွင်းဖြေနှင့် အလွတ်ဖြေဆိုသူစာရင်းရှိ (၈၃)ဦးရှိသည့်အနက် (၇၅)ဦးဝင်ရောက်ဖြေဆိုပြီး ကျောင်းသား (၁၈)ဦးနှင့်ကျောင်းသူ (၂၅)ဦး စုစုပေါင်း(၄၃)ဦးအောင်မြင်သဖြင့် အောင်ချက်ရာနှုန်းမှာ (၅၇.၃၃)ရာခိုင်နှုန်းရှိကြောင်းနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၄)ဦးနှင့် (၃)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး ထွက်ရှိကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)