လောက်ကိုင်မြို့ နားလီကျေးရွာ အ.မ.က ကျောင်းသို့ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ  ကွင်းဆင်းဆောင်ရွက်

လောက်ကိုင် ဇွန် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်‌နေ့နံနက်ပိုင်းက ထင်ပါကျိုင်းကျောရွာအုပ်စု၊ နာလီကျေးရွာ အ.မ.က ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာ‌‌ပေးဟောပြောမှုတွင် နာလီကျေးရွာ အ.မ.ကကျောင်းမှ ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ညိုညိုဝင်းမှ လူငယ်နှင့်စာရိတ္တ အကြောင်းအရာ ဟောပြောရာတွင် လူငယ်လူရွယ်များအားလုံး စိတ်ဓာတ်ကောင်းရမည်။ စိတ်ဓာတ်ကောင်းခြင်းသည် လူ့အခြေခံဖြစ်သည်။ ထို့ကြောင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် စိတ်ဓာတ်ကောင်းထားရန်၊ စိတ်ဓာတ်ကောင်းမှ စာရိတ္တပါကောင်းမည်၊ စာရိတ္တကောင်းမွန်မှ အနာဂတ်တွင် ထွန်းလင်းတောက်ပသော လူငယ်လူရွယ်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး၊ နာလီကျေးရွာ အ.မ.ကကျောင်းမှ ဆရာမနှင့်အတူ ကျောင်းသား/ကျောင်သူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် “လက်ဆေးကြစို့” ကဗျာဖြင့် သရုပ်ပြ ဖျော်ဖြေပေးခဲ့သည်။

ဆက်လက်ပြီး မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံ-၃ ဒေါ်တင်တင်နွယ်မှ ကျောင်းသား/ကျောင်းသူများအား ကျောင်းဖွင့်ချိန်မှစ၍ ကျောင်းစာများကို နေ့စဉ်ပုံမှန် ကျက်မှတ်ကြရန်၊ ကျောင်းပိတ်ရက်များတွင်လည်း စာကြည့်တိုက်မှ စာအုပ်များ ဖတ်ရှုလေ့လာကြရန်နှင့် ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတများ ဟောပြောခဲ့ကြောင်း သိရသည်။

ညိုညိုဝင်း (လောက်ကိုင်)