ရပ်စောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

ရပ်စောက် ဇွန် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီက အ-ထ-က(၁)၊ အ-ထ-က(၂)၊ အ-ထ-က(ဗထူး)၊ အ-ထ-က(ရတနာပုံ)၊ အ-ထ-က(ပင်ဖြစ်)၊ အ-ထ-က(တပ်ဦး)၊ အ-ထ-က(ညောင်ပင် သာ)၊ အ-ထ-က(အင်တော)၊ အ-ထ-က(ကျောက်ဂူ)စသည့်ကျောင်းများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် အင်တောမြို့နယ်ခွဲအပါအဝင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား(၁၆၇)ဦး၊ ကျောင်းသူ(၃၆၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ကျောင်းသား(၁၁၈)ဦး၊ ကျောင်းသူ(၂၆၂)ဦးတို့မှ ဖြေဆိုအောင်မြင်ခဲ့ကြကာ (၆)ဘာသာဂုဏ်ထူးရ(၁)ဦး၊ (၅)ဘာသာဂုဏ် ထူးရ(၂)ဦး၊ (၄)ဘာသာဂုဏ်ရ(၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရ(၁၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရ(၄၀)ဦး၊ (၁)ဘာသာဂုဏ်ထူးရ (၁၁၉) ဦးဖြစ်ကြောင်းနှင့် တစ်မြို့နယ်လုံးအနေဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်ရာခိုင်နှုန်းမှာ (၇၁.၇၀)ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ဆုမွန်