ကာလိ ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.မ.က(ကျိုင်းလွန်း)ကျောင်းသို့ ယနေ့နံနက်(၉)နာရီ အချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းတို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ဒေါ်ငုဝါ က မိမိတို့ ဌာနအနေဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးနေသည် ဌာနဖြစ်ကြောင်း စာကြည့်တိုက်သို့ လူကြီး၊ လူငယ်အယုတ်အလတ်အမြတ်မရွေး ဝင်ထွက်သွားလာလို့ရကြောင်း၊ စာကြည့်တိုက်သို့ လာရောက်ရန်အခက်ခဲရှိသည့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက်စာငှားစနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း၊ စာကြည့်တိုက်ကို အသုံးချတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးနေကြောင်း ရှင်းလင်းပြောကြားပြီး၊ ဆက်လက်၍ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများ၊ အသိပညာဗဟုသုတဆိုင်ရာ အကြောင်းအရာများကို ဟောပြောပေးခဲ့ကြောင်း သိရသည်။
ထို့နောက် သုတ၊ ရသစာအုပ်များ စုံလင်စွာခင်းကျင်းပြသခဲ့ပြီး ကျောင်းသား / ကျောင်းသူများအား မိမိတို့ကြိုက်နှစ်သက်သည့်စာအုပ်များကို အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထင်ထင် (ကာလိ၊ ပြန်/ဆက်)