သင်္ဃန်းကျွန်း ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၄ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၉၅ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ (ကျောင်းဖြေ)ကျောင်းသား၊ ကျောင်းသူ ၁၂၂ ဦး(အလွတ်ဖြေ)ကျောင်းသား၊ ကျောင်းသူ ၇၆၇ စုစုပေါင်း ၈၈၉ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြပြီး (ကျောင်းဖြေ)ကျောင်းသား၊ ကျောင်းသူ ၁၀၄ ဦး၊ (အလွတ်ဖြေ)ကျောင်းသား၊ ကျောင်းသူ ၄၉၁ ဦး စုစုပေါင်း ၅၉၅ ဦး ဖြေဆိုအောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း ၆၆.၉၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဂုဏ်ထူးရရှိမှု အခြေအနေမှာ (၆)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင်(၃၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၃၂)ဦး ၊ (၂) ဘာသာဂုဏ်ထူးရှင် (၅၃) ဦး နှင့် (၁)ဘာသာ ဂုဏ်ထူးရှင် (၁၄၁) ဦး ရှိပြီး ဂုဏ်ထူးရရှိသည့် ဘာသာများမှာ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒ ဘာသာရပ်တို့ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)