ကယားပြည်နယ်၌  ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်

လွိုင်ကော် ဇွန် ၉


၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှစ၍ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်မှစ၍ တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေငြာသကဲ့သို့ ကယားပြည်နယ်တွင်လည်း  မြို့နယ်ပညာရေးမှူးရုံးများ၊ သက်ဆိုင်ရာကျောင်းများရှိ ကြော်ငြာသင်ပုန်းများတွင် ကြေငြာပေးထားရာ ကျောင်းသား ၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုခဲ့ကြသည်။

ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ စာစစ်ဌာန(၄)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့သူ(၉၂၁)ဦးရှိရာ(၆၃၇)ဦး အောင်မြင်ကြသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ(၆၉.၁၆)ရာခိုင်နှုန်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်းတွင် မြန်မာစာဘာသာရပ်ဂုဏ်ထူးရှင်(၂၅)ဦး၊ အင်္ဂလိပ်စာဘာသာရပ်ဂုဏ်ထူးရှင်(၇)ဦး၊ သင်္ချာဘာသာရပ်ဂုဏ်ထူးရှင်(၂၀)ဦး ၊ ဓာတုဗေဒဘာသာရပ်ဂုဏ်ထူးရှင်(၃၅)ဦး ၊ ရူပဗေဒဘာသာရပ်ဂုဏ်ထူးရှင်(၆၈)ဦး ၊ ဇီဝဗေဒဘာသာရပ်ဂုဏ်ထူးရှင်(၇၇)ဦး ၊ ပထဝီဝင်ဘာသာရပ်ဂုဏ်ထူးရှင်(၇၈)ဦး ၊ သမိုင်းဘာသာရပ်ဂုဏ်ထူးရှင်(၄၃)ဦး၊ ဘောဂဗေဒဘာသာရပ်ဂုဏ်ထူးရှင်(၁၂၁)ဦး စုစုပေါင်း ဘာသာရပ်အလိုက်ဂုဏ်ထူးဖြင့် အောင်မြင်သူ (၄၇၄)ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှသိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းထုတ်ပြန်ကြေငြာချက်များကို  မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website ww.myanmarexam.org  တွင် ယနေ့နံနက်(၄)နာရီအချိန်မှစ၍ မည်သူမဆိုဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထုတ်လွှင့်ပေးထားကြောင်း၊ ထို့အတူ ဝေးလံသောဒေသများနှင့် အင်တာနက်လိုင်းမရရှိသော စာစစ်ဌာနများမှ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း ကြေငြာပေးလျက်ရှိကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)