တာလေမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်ရာခိုင်နှုန်း ၄၄ ဒဿမ ၄၄ ရာခိုင်နှုန်းရှိ

တာလေ ဇွန် ၉

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အထက(တာလေ)စာစစ်ဌာနတွင်လည်း ထုတ်ပြန်ကြေညာပေးထားကြောင်း သိရသည်။

တာလေမြို့တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းတွင်းဖြေဆိုသူ(၇)ဉီး၊ ပြင်ပဖြေဆိုသူ(၂၀)ဉီး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၂၇)ဉီး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ရာ ပြင်ပဖြေဆိုသူ(၁၂)ဦး အောင်မြင်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူးရှင်(၅)ဉီးနှင့် (၂)ဘာသာဂုဏ်ထူးရှင်(၁)ဦး ရှိခဲ့ကြောင်းနှင့် ဖြေဆိုအောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် ၄၄ ဒဿမ ၄၄ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)