တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာ

တိုက်ကြီး ဇွန်

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို  ယနေ့နံနက် ၄ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာထားရာ ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၃၀၈) ဉီး၊ ကျောင်းသူ  (၃၆၆) ဉီး၊ စုစုပေါင်း (၆၇၄) ဉီး ဝင်ရောက်ဖြေဆိုခဲ့ပြီး စာမေးပွဲအောင်မြင်သူ ကျောင်းသား (၁၉၇) ဉီး၊ ကျောင်းသူ (၂၅၅) ဉီး   စုစုပေါင်း (၄၅၂) ဉီး ဖြေဆိုအောင်မြင်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုက်ကြီးမြို့နယ်အနေဖြင့် စာမေးပွဲအောင်ချက် ရာခိုင်နှုန်း (၆၇.၀၆)ရှိပြီး ဂုဏ်ထူးရရှိသူဉီးရေမှာ ငါးဘာသာဂုဏ်ထူးရှင် ဉီး၊ လေးဘာသာဂုဏ်ထူးရှင် ၁၃ ဉီး၊ သုံးဘာသာဂုဏ်ထူးရှင် ၃၀ ဉီး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၄၁ ဉီး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၄၁ ဉီး စုစုပေါင်း ၂၃၁ ဉီး ဂုဏ်ထူးရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)