သန်လျင် ဇွန် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှစ၍ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိစာစစ်ဌာနများတွင် တစ်ပြိုင်တည်းထုတ်ပြန်ကြေငြာခဲ့ရာ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံး၊ အ.ထ.က(၁)နှင့် အ.ထ.က(၂)စာစစ်ဌာနများတွင်လည်း အောင်စာရင်းများကပ်ထားပေးသည်ကို တွေ့ရသည်။
ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သန်လျင်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၉၄၇)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး (၅၆၁)ဦးအောင်မြင်ခဲ့ရာ ငါးဘာသာဂုဏ်ထူးရှင်(၆)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၃)ဦး၊သုံးဘာသာဂုဏ်ထူးရှင်(၁၉)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၂၈)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၁၂၆)ဦး၊ ရိုးရိုးအောင်မြင်သူ(၃၇၉)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ( ၅၉.၂၄)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ခရိုင်(ပြန်ဆက်)