ဝေါမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဝေါ ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မြို့နယ်ဆရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီက  အခြေခံပညာအထက်တန်းကျောင်း (ဝေါအရှေ့)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဒေါက်တာစုဝေကျော်က မိုးဦးကျရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး၊ ကူးစက်ရောဂါများနှင့် ဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ ရောဂါကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်တားဆီးနိုင်မည့်အချက်များ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်နိုင်သည့်နည်းလမ်းများနှင့် ကာကွယ်ရန်နည်းလမ်းများ၊ လက်ဆေးခြင်း အလေ့အကျင့်များအကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးဒေါ်သန်းသန်းဦးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ ဆက်)