မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာစုံဂုဏ်ထူးရှင် ၂ ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၅၁ ဦး အောင်မြင်

မင်္ဂလာဒုံ  ဇွန်    ၉

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၄ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၈၅၁ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်းသိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၉၈ ဦး ဝင်ရောက်ဖြေဆိုပြီး ‌ ၈၅၁ ဦးစာမေးပွဲအောင်မြင်ခဲ့ရာ အောင်မြင်မှုရာခိုင်နှုန်း ၆၀.၈၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဂုဏ်ထူးရရှိမှုအခြေအနေမှာ (၆)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊  (၄)ဘာသာဂုဏ်ထူးရှင်(၁၆)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၄၆)ဦး ၊ (၂) ဘာသာဂုဏ်ထူးရှင် ၆၂ ဦး နှင့် (၁)ဘာသာဂုဏ်ထူးရှင် ၁၆၄ ဦး ရှိပြီး ဂုဏ်ထူးရရှိသည့်ဘာသာများမှာ မြန်မာ ၊ အင်္ဂလိပ် ၊သင်္ချာ၊ ဓာတုဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ပထဝီဝင်နှင့်သမိုင်း ဘာသာရပ်တို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ဝုန်လွန်းညောင်(ပြန်/ဆက်)