ကန့်ဘလူမြို့၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့် ရှောက်မှုများ အခမဲ့ ဆောင်ရွက်ပေး

ကန့်ဘလူ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ရဟန်းရှင်လူပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ဇွန် ၉ ရက်နံ နက်ပိုင်းက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လာရောက်ထိုးနှံသူ ပြည်သူများအား ထိုးနှံပေးရမည့် အကြိမ်အလိုက် စာရင်းမှတ်တမ်းရေးသွင်းပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကိုဗစ်- ၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးသည်။ ထို့ပြင်ကျန်းမာရေး ဆေးပေးခန်းဖွင့်လှစ်၍ လာရောက်ပြသသူပြည်သူများ၏ ရောဂါဝေဒနာ အလိုက် အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများနှင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။                     

အောင်ဝင်းငြိမ်း(ကန့်ဘလူ)