ဆွမ်ပရာဘွမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်

ဆွမ်ပရာဘွမ်   ဇွန်   ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်း စာမေးပွဲအောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်(၆)နာရီက စတင်၍ ထုတ်ပြန်ကြေငြာပေးထားကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပူတာအိုခရိုင် စာစစ်ဌာနတွင် ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၉)ဦး   စုစုပေါင်း(၁၄)ဦး ဝင်ရောက် ဖြေဆိုခဲ့ရာ ကျောင်းသား(၃)ဦး၊ ကျောင်းသူ(၈)ဦး၊စုစုပေါင်း(၁၁)ဦး ဖြေဆိုအောင်မြင်ခဲ့သည်။ ဖြေဆိုအောင်မြင်ခဲ့သည့်   ကျောင်းသား/သူ (၁၁)ဦးအနက်  တစ်ဘာသာဂုဏ်ထူးရှင်(၅)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်(၁)ဦး ထူးချွန်စွာ အောင်မြင်ခဲ့ပြီး မြို့နယ်အနေဖြင့်အောင်ချက်ရာခိုင်နှုန်း

(၇၈.၅၇) ရာခိုင်နှုန်း၊ အခြေခံပညာကျောင်းအနေဖြင့် ၈၀ရာခိုင်နှုန်းနှင့် အပြင်ဖြေအနေနှင့် ၇၇.၇၈ ရာခိုင်နှုန်းဖြစ်ကြောင်း အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင် ထံက သိရှိရသည်။

နန်းမြင့်(ပြန်/ဆက်)