မော်လမြိုင် ဇွန် ၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်း အောင်စာရင်းများထုတ်ပြန်ချက်အရ ပြည်နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၄၁၇၂ ဦး ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို မွန်ပြည်နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူ ၅၇၆၈ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ၄၁၇၂ ဦးရှိသည့်အနက်မှ (၆) ဘာသာဂုဏ်ထူးရှင် (၂၁) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၄၁) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၈၂) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁၇၅) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၄၃၂) ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင် (၁၀၁၁) ဦးရှိပြီး အောင်ချက်ရာနှုန်းမှာ ၇၂.၃၃ ရာခိုင်နှုန်းဖြစ်ကာ အောင်စာရင်းထုတ်ပြန်ထားရှိမှု အခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့၀င် လူမှုရေးရာ၀န်ကြီး ဦးမြတ်သွင်က လိုက်လံကြည့်ရူခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)