ပုသိမ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထုတ်ပြန်

ပုသိမ်        ဇွန်        ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပြန်ကပ်ထားကြေညာခဲ့ပြီး စာစစ်ဌာန (၁၁)ခုတွင် ဝင်ရောက်ဖြေဆိုသူ(၁၆၂၀)ဦးရှိရာ အောင်မြင်သူဦးရေ (၁၀၁၉)ဦး ရှိပြီး အောင်ချက်ရာ နှုန်း (၆၂.၉၀%) ဖြေဆိုအောင်မြင်ကြောင်းသိရသည်။

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပုသိမ်မြို့နယ်မှ (၆)ဘာသာဂုဏ်ထူး ရရှိသူ(၈)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရရှိသူ(၈) ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ(၁၉)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၄၀) ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ(၅၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၁၆၉)ဦး၊ ရိုးရိုးအောင်မြင် သူ(၇၂၄)ဦးရှိပြီး ဘာသာရပ်အလိုက်ဂုဏ်ထူးရရှိသူ မြန်မာစာ (၂၃)ဦး၊ အင်္ဂလိပ်စာ (၂၃)ဦး၊ သင်္ချာ (၂၈)ဦး၊ ဓါတုဗေဒ (၅၆)ဦး၊ ရူပဗေဒ(၈၇)ဦး၊ ဇီဝဗေဒ (၁၀၁) ဦး၊ ပထဝီ(၅၃)ဦး၊ သမိုင်း(၄၇)ဦး၊ ဘောဂဗေဒ (၁၃၇)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရှိရသည်။

မြင့်ဟန်