ကျောက်ပန်းတောင်း ဇွန် ၉
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ(၉)ရက် နံနက်(၆)နာရီမှ စတင်၍ တစ်နိုင်ငံလုံး တစ်ပြိုင်နက်ထုတ်ပြန်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စာစစ်ဌာန(၄)ခုနှင့် မြို့နယ်ပညာရေးမှူးရုံးတို့၌ အောင်စာရင်းမျာကို ကြော်ငြာဘုတ်များတွင်ကပ်၍ ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ပင်မနှင့်တိုးချဲ့)စာဖြေဌာန၊ ပုပ္ပားအထက်တန်းကျောင်း စာဖြေဌာန၊ လက်ပံပျားအခြေခံပညာအ ထက်တန်းကျောင်း စာဖြေဌာန အစရှိသည်တို့တွင် အောင်စာရင်းများကို နံနက်(၆)နာရီမှစတင်ကပ်ထား ကြေညာခဲ့ကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျား ၃၂၉ ဦး၊ မ ၇၄၇ ဦး ပေါင်း ၁၀၇၆ ဦး ဝင်ရောက် ဖြေဆိုကြသည့်အနက် ကျား ၂၄၈ ဦး၊ မ ၅၉၁ ဦး ပေါင်း ၈၃၉ ဦး အောင်မြင်ကြောင်းသိရပြီး၊ ၎င်းတို့အနက် ၆ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၅ဘာသာ ဂုဏ်ထူးရှင် ၄ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၂၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၄၆ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၇၃ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၉၂ ဦး ရရှိကြ၍ ရိုးရိုးအောင်မြင်သူ ၄၉၈ ဦးဖြစ်ကြောင်းသိရ ပြီး၊ အောင်ချက်ရာခိုင်နှုန်းမှာ ၇၇.၉၇ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။
အဆိုပါ အောင်စာရင်းထုတ်ပြန်ထားရှိသည့် ကျောင်းများတွင် အောင်စာရင်းလာရောက်ကြည့်ရှုသည့် ကျောင်းသား/ ကျောင်းသူများနှင့်မိဘများ ဘေးကင်းလုံခြုံရေးအတွက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊တာဝန်ကျဆရာ/ဆရာမများ က လုံခြုံရေးဆောင်ရွက်ပေးထားကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)