ရမ်းဗြဲ ဇွန် ၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှုးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက် ၆ နာရီမှ စတင်၍ ထုတ်ပြန်လျက်ရှိရာ ရမ်းဗြဲမြို့နယ်၌ အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘ များက လာရောက်ကြည့်ရှုလျက်ရှိသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်သူများစာရင်းအား စိတ်အေးချမ်းသာစွာကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးလျက်ရှိသည်။ ရမ်းဗြဲမြို့နယ်ရှိ စာစစ်ဌာန(၃)ခုတွင် ၂၀၂၂ - ၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၆၉၈)ဦး၊ အောင်မြင်သူ (၄၇၆)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၆၈.၁၉)ရာခိုင်နှုန်းရှိသည်။ (၃)ဘာသာဂုဏ်ထူးရှင်(၃၀)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၈၁)ဦးနှင့်(၁)ဘာသာဂုဏ်ထူးရှင်(၁၂၃)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)