သာ​ကေတမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ရာ အောင်ချက်ရာခိုင်နှုန်း ၆၈.၀၆ ရာခိုင်နှုန်းအောင်မြင်

သာကေတ ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၄ နာရီက စာစစ်ဌာနများဖြစ်သည့် အမှတ် (၁)၊(၂) အခြေခံပညာ အထက်တန်းကျောင်းများတွင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်တွင်  ဖြေဆိုသူကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၉၃၀) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၆၃၃ ) ဦးဖြေဆိုအောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း ၆၈.၀၆ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။ ဂုဏ်ထူးရရှိမှုမှာ (၆)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊  (၄)ဘာသာဂုဏ်ထူးရှင်(၂၄)ဦး၊(၃)ဘာသာ ဂုဏ် ထူး ရှင်(၂၆)ဦး ၊ (၂) ဘာသာဂုဏ်ထူးရှင် (၄၅) ဦး နှင့် (၁)ဘာသာဂုဏ်ထူးရှင် (၁၀၀) ဦး၊ဂုဏ်ထူးထွက်သူဦးရေ(၂၁၂)ဦး၊ ရိုးရိုးအောင်မြင်သူ (၄၂၁)ဦး၊ စုစုပေါင်း (၆၃၃)ဦးရှိကာ၊ ဂုဏ်ထူးထွက်သည့်ဘာသာ ရပ်အလိုက်ဦးရေများမှာ မြန်မာ စာဘာသာရပ်၌(၆၅)ဦး၊ အင်္ဂလိပ်သာဘာသာရပ်၌(၇)ဦး၊ သင်္ချာဘာသာရပ်၌(၂၃)ဦး၊ ဓာတုဗေဒဘာသာရပ်၌(၆၃)ဦး၊ ရူပဗေဒဘာသာရပ်၌(၁၀၀)ဦး၊ ဇီဝဗေဒဘာသာရပ်၌(၁၄၂)ဦး၊ ပထဝီဝင်ဘာသာရပ်၌(၁)ဦး၊ သမိုင်းဘာသာရပ်၌(၂)ဦး၊ ဘောဂ ​ဗေဒဘာသာရပ်(၄၉)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာ၌ လာရောက်ကြည့်ရှုသူများ အဆင်ပြေကြည့်ရှုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ ဆက်)