တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် "အံ့ဩစရာ ရိုးရာဓလေ့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊  စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နေ့လယ် (၁)နာရီအချိန်က စာရေးဆရာအောင်သင်း၏ “အံ့ဩစရာ ရိုးရာဓလေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကလေးအလုပ်သမားပ‌ပျောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဇွန်လ(၁၂)ရက်နေ့တွင် ကျရောက်မည့် ကလေးအလုပ်သမားပပျောက်ရေးနေ့ အထိမ်းအမှတ်(အကြို) ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁:၃၀)နာရီက မြို့နယ်စက်မှုဇုန်(၁)စီမံခန့်ခွဲရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ လော်ပန်ဘီစကစ်မုန့်စက်ရုံ အစည်းအဝေးခန်းမ၌ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကလေးအလုပ်သမားဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လော်ပန်ဘီစကစ်မုန့်စက်ရုံ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

တနိုင်းမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်  (၇၈.၃၃)ရာခိုင်နှုန်း အောင်မြင်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့်  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၆၀) ဦးဝင်ရောက်ဖြေဆိုရာ  အောင်မြင်သူ (၂၈၂)ဦး ရှိကြောင်း သိရှိရသည်။

သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို စာစစ်ဌာန (၄)ခုတို့မှ ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်က စာစစ်ဌာန(၄)ခုတို့တွင် ထုတ်ပြန်ကြေညာရာ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘ ညီအကို မောင်နှများနှင့် ဆွေမျိုးများ လာရောက် ကြည့်ရှုလျက်ရှိသည်။

မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ၆၂.၅၁ ရာခိုင်နှုန်းအောင် မြင်မှုရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ မေးပွဲအောင်မြင်သူများစာရင်းအား ယနေ့နံနက် ၆ နာရီ အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ကျောင်းသူ/ကျောင်းသားများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Subscribe to