ကမမောင်း ဇွန် ၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို မြန်မာနိုင်ငံတစ်နိင်ငံလုံးတွင် ဇွန်လ(၉)ရက်နေ့၌ ထုတ်ပြန်လျက်ရှိရာ ဖာပွန်ခရိုင်အတွင်းတွင် အောင်ချက်ရာခိုင်နှုန်း (၅၉.၇၇) ရာခိုင်နှုန်း အောင်မြင်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ကမမောင်းမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ကပ်ထားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက အေးချမ်းစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရှိရသည်။
ဖာပွန်ခရိုင်အတွင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူ ကျား(၃၂)ဦး၊ မ(၆၇)ဦး စုစုပေါင်း(၉၉)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျား(၂၈)ဦး၊ မ(၅၉)ဦး စုစုပေါင်း(၈၇)ဦး ဝင်ရောက်ဖြေဆိုပြီး တစ်ဘာသာဂုဏ်ထူးရရှိသူ (၁၈)ဦး၊ ရိုးရိုးအောင်(၃၄)ဦး၊ စုစုပေါင်း အောင်မြင်သူ(၅၂)ဦး၊ အောင်ချက်ရာခိုင်နှုန်း (၅၉.၇၇) ရာခိုင်နှုန်း ရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
သန့်ဇင်(ကမမောင်းပြန်/ဆက်)