လှိုင်းဘွဲ ဇွန် ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား(၉၆)ဦး၊ ကျောင်းသူ(၂၂၀)ဦး၊ စုစုပေါင်း(၃၁၆)ဦးရှိခဲ့ရာ ဖြေဆိူအောင်မြင်သူကျောင်းသား(၆၀)ဦး၊ ကျောင်းသူ(၁၆၆)ဦး၊ စုစုပေါင်း(၂၂၆)ဦးရှိခဲ့ပြီး အောင်မြင်မှု ရာခိုင်နှုန်း(၇၁.၅၂)ရှိကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း စာစစ်ဌာန(၂)ခုဖွင့်လှစ်၍ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၃ခုနှစ်၊ မတ်လ(၈)ရက်နေ့ မှ (၁၈)ရက်နေ့အထိ ကျင်းပခဲ့ပြီး ဖြေဆိုအောင်မြင်သူ ကျောင်းသား၊ကျောင်းသူ(၂၂၆)ဦးတွင် (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ (၂)ဘာသာဂုဏ်
ထူးရှင်(၂၇)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၅၆)ဦး၊ စုစုပေါင်း ဂူဏ်ထူးရဦးရေ(၉၆)ဦးရှိကြောင်း မြို့နယ်ပညာရေး
မှူးရုံးထံမှ သိရှိရသည်။