ပုဇွန်တောင်မြို့နယ်၌ ၂၀၂၃ခုနှစ် တက္ကသိုလ်၀င်ခွင့်စာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးရှင်အပါအဝင် ဂုဏ်ထူးရသူ(၁၄)ဦးဖြင့် အောင်မြင်သူ ၆၀ ရာခိုင်နှုန်းရှိ

ပုဇွန်တောင် ဇွန် ၉

၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင် စာမေးပွဲများကို စာစစ်ဌာနအသီးသီးတွင် ကျင်းပခဲ့ပြီး ယနေ့ဇွန်လ ၉ ရက်နေ့တွင် သက်ဆိုင်ရာစာစစ် ဌာနကျောင်းများ၊ မြို့နယ်ပညာရေးမှူးရုံးများနှင့်  မြန်မာနိုင်ငံစာစစ်ဦးစီးဌာန website တို့တွင် အောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင် မြို့နယ်တွင်လည်း စာစစ်ဌာနဖြစ်သော အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ် ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ပေးခဲ့ရာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပုဇွန်တောင် မြို့နယ်မှ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦးအပါအဝင် ဂုဏ်ထူးရရှိသူ(၁၄)ဦးရှိပြီး အောင်မြင်သူ ၆၀ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ငါးဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ လေးဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ(၃)ဦးနှင့် တစ်ဘာသာဂုဏ်ထူး ရရှိသူ (၅)ဦးအပါအဝင် ဂုဏ်ထူးရရှိသူ  (၁၄) ဦးရှိပြီး ဖြေဆိုသူ (၈၀) ဦးအနက် (၄၈) ဦးအောင်မြင်ကာ အောင်မြင်ရာနှုန်း ၆၀ ရာခိုင်နှုန်းရရှိကြောင်း ပုဇွန်တောင်မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

ဟန်စုယဉ် (ပြန်/ ဆက်)