လပွတ္တာ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ယနေ့ နံနက် ၆ နာရီအချိန်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို စာစစ်ဌာန ၇ ခု၌ ထုတ်ပြန်ထားရာ ကျောင်းသား၊ ကျောင်းသူ ၆၃.၈၁ ရာခိုင်နှုန်းအောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လပွတ္တာမြို့နယ်တွင် ဌာစစ်ဌာန ၇ ခု၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၈၀၄)ဦးရှိရာ ဖြေဆို အောင်မြင်သူ(၅၁၃)ဦးရှိပြီး (၆)ဘာသာဂုဏ်ထူး(၁)ဦး၊ (၅)ဘာသာ ဂုဏ်ထူး(၁)ဦး၊ (၄)ဘာသာ ဂုဏ်ထူး(၄)ဦး၊ (၃)ဘာသာဂုဏ်ထူး(၁၅)ဦး၊ (၂)ဘာသာဂုဏ်ထူး(၄၃)ဦး၊ (၁)ဘာသာဂုဏ်ထူး (၁၂၄)ဦး ဖြေဆိုအောင်မြင်ကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းမှာ ၆၃.၈၁ ရာခိုင်နှုန်းဖြစ်ပြီး အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများ၊ မိဘများမှ ဝမ်းမြောက်ပျော်ရွှင်စွာ လာရောက် ကြည့်ရှုလျက် ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)