ဒေါပုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ရန်ကုန်     ဇွန်     ၉

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၄ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ရာ ဖြေဆိုထားကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက လာရောက်ကြည့်ရှုခဲ့ကြသည်။

ဒေါပုံမြို့နယ်တွင် အ.ထ.က(၁)စာစစ်ဌာနတစ်ခုထဲသာ ဖွင့်လှစ်ဖြေဆိုခဲ့ကြပြီး အဆိုပါစာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့သူ ကျောင်းသား/ ကျောင်းသူ(၂၁၀)ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ကျောင်းသား/ ကျောင်းသူ(၁၁၉)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။ အောင်ချက်ရာခိုင်နှုန်းမှာ ၅၆.၆၇ ဖြစ်ပြီး (၅)ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ(၅)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရရှိသူ(၂၁) ဦးရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဒေါပုံမြို့နယ်အတွင်း ထုတ်ပြန်ကြေညာရာတွင် လာရောက်ကြည့်ရှုသူ ကျောင်းသား/ ကျောင်းသူများနှင့် မိဘပြည်သူများ အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)