မြိတ် ဇွန် ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုခဲ့ကြသော ကျောင်းသား/သူများတွင် (၆)ဘာသာဂုဏ်ထူးရှင်(၉)ဦးအပါအဝင် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား/သူ(၇၀၁)ဦးရှိကာ အောင်မြင်သူ စုစု ပေါင်း (၁၅၄၆)ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၇၂.၃၄)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။
(၂၀၂၂-၂၀၂၃)ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးအပါအဝင်စာစစ်ဌာနကျောင်းများတွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာပေးခဲ့သည်။ စာမေးပွဲအောင်မြင်သူများထဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၄၂)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၄၈)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၄၉)ဦး၊ တစ်ဘာသာဂုဏ် ထူးရှင်(၄၃၁)ဦးရှိကြကာ စုစုပေါင်း ဂုဏ်ထူးရရှိသူ(၇၀၁)ဦးရှိသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို မြိတ်မြို့နယ်မှ ၀င်ရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား/သူများတွင် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ(၂၁၃၇)ဦး၌ (၁၅၄၆)ဦးအောင်မြင်ခဲ့ကြ၍ အောင်ချက်ရာခိုင်နှုန်း အနေဖြင့်(၇၂.၃၄)ရာခိုင်နှုန်းရရှိခဲ့ကာ တနင်္သာရီတိုင်းဒေသကြီးတွင် အောင်ချက်အများဆုံး မြို့နယ်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ ကြသူများမှာ ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ (၅)ဦးနှင့် အလွတ်ဖြေ(၄)ဦးတို့ ဖြစ်ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက် )