ကေ့ာကရိတ် ဇွန် ၁၁
ကရင်ပြည်နယ် ကေ့ကရိတ်ခရိုင်၊ ကေ့ာကရိတ်မြို့နယ်၊ စည်ပင်သာယာရေးရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်နှစ်အတွက် ပညာသင် ကျောင်းသုံးပစ္စည်းများ နှစ်စဥ်ထောက်ပံ့ပေးအပ်လျက်ရှိပြီး ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်အတွက် ပညာသင် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကေ့ာကရိတ်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးကျော်ကျော်ဦးက ကျောင်းနေဝန်ထမ်းသား သမီးများကိုပညာသင် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း သည် ကောင်းမွန်သည့်အစဥ်အလာကောင်း တစ်ရပ်ဖြစ်ပါကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားပြီး စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောရောဘတ်ထူးက စာသင်ကျောင်းများ ဖွင့်လှစ်ရာသီဖြစ်ပြီး နိုင်ငံတော်မှ အခမဲ့ကျောင်း ပညာရေးစနစ်နှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးလျက်ရှိပြီး မိမိတို့ဌာနဝန်ထမ်းများ၏ သားသမီးများဖြစ်သည့် ကျောင်းသား/ကျောင်းသူများကိုလည်း ပညာရေးတွင်တစ်ထောင့်တစ်နေရာ အထောက်အကူဖြစ်စေရန် ကျောင်းသုံးပစ္စည်းများ၊ စာရေးကိရိယာများကို အခမဲ့ ထောက်ပံ့ပေးပါကြောင်း မိဘများအနေဖြင့် မိမိတို့၏သားသမီးများကို ပညာသင်အရွယ်၌ ပညာရေးဆုံးခန်းတိုင်အောင်သင်ကြားနိုင်ရေး၊ ကျောင်းနေပျော်စေရေးတို့အား တွန်းအားပေး ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ထို့နောက် ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ရာ အထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူ(၂)ဦး၊ အလယ်တန်းအဆင့်ကျောင် းသား/ကျောင်းသူ(၉)ဦး၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၈)ဦး စုစုပေါင်း(၂၉)ဦးတို့အား ထောက်ပံ့ပစ္စည်းတန်ဖိုးငွေကျပ် စုစုပေါင်း(၅၀၀၀၀၀/-) ကျပ်ဖြစ်ပါကြောင်းနှင့် ကျောင်းသုံးအထောက်အကူပြုပစ္စည်းများကို ကျောင်းသူကျောင်းသားများထံသို့ တာဝန်ရှိသူများမှအသီးသီး ပေးအပ်ခဲ့ကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)