စေတုတ္တရာမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲ‌ ကျင်းပ

စေတုတ္တရာ   ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မုန်းတမံ ၄ မိုင်လမ်းခွဲမှ ၁ မိုင် ၇ ဖာလုံအနီး လမ်းဘေးတွင် ယနေ့နံနက် ၈ နာရီအချိန်က မိုးရာသီ သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပွဲကို သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်သိန်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းစိုး ဦးဆောင်၍ ဝန်ထမ်းများမှ ပျိုးပင်များဖြန့်ဝေပေးခဲ့ပြီး လူအင်အား (၁၆၀)ကျော်မှ သစ်ပင်များအား စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။ ပါဝင်သော ပျိုးပင်များမှာ ကျွန်း(၇၀၀)၊ ကုက္ကိုလ်(၁၀၀)၊ တမာ(၃၀၀)၊ မယ်ဇလီ(၁၅၀)၊ စုစုပေါင်း ပျိုးပင်ပေါင်း (၁၂၅၀)ပင် စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)