ပုသိမ် ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဝန်း၌ ကျင်းပခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့်ကောင်းမွန်သော ဂေဟစနစ် ထိန်းသိမ်းနိုင်ရေး၊ စိမ်းလန်းမြေ(Green Space)များ တိုးပွားလာစေရေးတို့အတွက် တိုင်းဒေသကြီးအနေဖြင့် မိုးရာသီသစ်ပင်စိုက်ပွဲတော် အခမ်းအနားများကို စံနမူနာပြု စိုက်ပျိုးကျင်းပရခြင်းပဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ရေမြေ/တောတောင်၊ သဘာဝသယံဇာတများပေါကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း လူဦးရေတိုးပွားလာခြင်း၊ ရာသီဥတုများပုံမှန်မဟုတ်ဘဲ ဖောက်ပြန်လာခြင်း၊ မုန်တိုင်းများ တိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် အကြောင်းအရာများက သဘာဝသယံဇာတများကို လျော့နည်း လာစေပါကြောင်း၊ ထိုကဲ့သို့ လျော့နည်းလာသည့် သဘာဝသယံဇာတများထဲ၌ သစ်တောသယံဇာတများလည်း ပါဝင်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်နိုင်ရန် ပင်လယ်ကမ်းစပ်ဒေသများ၊ မြစ်ပေါက်ချောင်းပေါက်များတွင် ဒီရေတောစိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ရှင်သန်စိမ်းလန်းလျက် ရှိပါကြောင်း၊ ထို့ပြင် လေကာပင်များဖြစ်သည့် အုန်းပင်၊ ထင်းရှူးပင်များကိုလည်း တစ်အုပ်တစ်မ စိုက်ပျိုးသွားကြရမှာဖြစ်ပါကြောင်း၊ အုန်းစိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ လေကာတန်းအဖြစ် တစ်အုပ်တစ်မစိုက်ပျိုးခြင်းများအပြင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်းအား အောင်မြင်စေရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ နိုင်ငံပိုင် စိုက်ခင်းများအနေဖြင့် စီးပွားရေး စိုက်ခင်း (၂၅၀၀)ဧက၊ဒီရေတော စိုက်ခင်း (၂၄၀၀)ဧက၊ ကျေးရွာထင်းစိုက်ခင်း (၉၀၀)ဧက၊ စုစုပေါင်း (၅၈၀၀)ဧက စိုက်ပျိုးတည်ထောင်လျက်ရှိပါကြောင်း၊ ဒါ့အပြင် ၂၀၂၃ ခုနှစ် မိုးရာသီတွင် ခရိုင်/မြို့နယ်အသီသီးမှာ လူထုဖြန့်ပျိုးပင် (၁,၄၁၅,၈၀၀)ပင်ကို ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ပြီး ၎င်းအပင်များထဲမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ(၁၈)ပွဲ (၁၇၇၂၀)ပင်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ(၂၂)ပွဲ (၁၉၆၈၅)ပင်၊ စုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ (၄၀)ပွဲ (၃၆၉၀၅)ပင် စိုက်ပျိုးသွားမည်ဖြစ်ပြီး ရှင်သန်အောင်မြင်အောင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သစ်တောသစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းများကို တိုင်းဒေသကြီးအတွင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့်ကာလအတွင်း နိုင်ငံပိုင်သစ်တောစိုက်ခင်းများ ရေရှည်တည်တံ့ရေး၊ ပင်လယ်ကမ်းရိုးတန်းဒီရေတောများဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် ပြန်လည်မျှတလာစေရေးစသည့် လုပ်ငန်းစဉ်တွေကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် “သစ်ပင်စိုက်ပွဲတော်များ ကျင်းပရင်း ဧရာဝတီတိုင်းဒေသကြီးကို စိမ်းလန်းသည့် တိုင်းဒေသကြီးအဖြစ် ဖန်တီးပုံဖော်ကြပါစို့” ဟု တိုက်တွန်းအမှာစကားများပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကဦးဆောင်၍ တာဝန်ရှိသူများသည် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီအစရှိသည့် သစ်ပင်၊ ပန်းပင် ၁၈ မျိုးမှ ပျိုးပင်ပေါင်း (၁၅၅၅)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီးနောက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပိတောက်ဝါဆောင်နှင့် ချယ်ရီဆောင်များအတွက် ပိတောက်ပင်နှင့် ချယ်ရီပင်များ အမှတ်တရစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)