ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စားသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ပခုက္ကူ ဇွန် ၁၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသောစားသောက် ကုန်များဝယ်ယူစားသောက်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စားသုံးသူရေးရာအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေမှုများ အကြောင်းနှင့် ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုတိုက်ရိုက်သုံးစွဲသူပြည်သူအများ ရရှိခံစားရမည့်အကျိုး ကျေးဇူးများနှင့် သိရှိသင့်သည့်အချက်အလက်များအကြောင်းတို့ကို အသီးသီးရှင်းလင်း ဟောပြောကြသည်။

ယင်းနောက် တက်ရောက်လာသည့် ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဒေါ်ခင်မိုးမြင့်နှင့်ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆)သင်တန်းသူ(၃၅)ဦးတို့အား စားသုံးသူရေးရာဆိုင်ရာ ဟေ ာပြောမှုများအပေါ် နားလည်နိုင်မှုစွမ်းရည် အခြေအနေများမေးမြန်းပြီး ဆုများပေးအပ်ချီးမြှင့်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် အသိပညာ ပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  

ဘာမီသာ(ပခုက္ကူ)