ကျိုက်မရော ဇွန် ၁၁
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၏ သင်္ကေတအမှတ်အသားတစ်ခုဖြစ်သည့် LAND MARK ထန်းပင် စုပေါင်းစိုက်ပျိုးပွဲကို ဇွန်လ ၁၁ ရက် နံနက်က ကျိုက်မရောစံပယ်ဂူသွား ကားလမ်းပေါ်၌ ကျင်းပပြုလုပ်သည်။
ကျိုက်မရော၏ သင်္ကေတဖြစ်သည့် ထန်းပင်ပေါင်း တစ်သောင်းကျော်ကို ယမန်နှစ်ဇွန်လကစိုက်ပျိုးခဲ့ရာ အပင်များရှင်သန်မူမှာ ၅၀ ရာခိုင်နှုန်း ဖြစ်သဖြင့် ယခုနှစ်ဇွန်လအကုန်တွင် ဒုတိယအကြိမ်အဖြစ် စံပယ်ဂူအရှေ့ဘက်ခြမ်း၌ ၁၇၀၀၊ အနောက်ဖက်ခြမ်း၌ ၃၅၀၀ ကိုလူထုအားဖြင့် ထပ်မံ စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်၌ အဆိုပါထန်းပင်များ စနစ်တကျရှင်သန်ကြီးထွားစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးဦး၏ ကြီးကြပ်မှုဖြင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲများ၊ ဒေသခံပြည်သူလူထု စုစုပေါင်းအင်အား (၂၅၀) တို့က တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)