နတ်မောက် ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ရပ်ကွက်/ကျေးရွာများရှိ တောင်သူများသည် ၂၀၂၃-ခုနှစ် မိုးသီးနှံများကို စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
၂၀၂၃-ခုနှစ် ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ အရှိန်ကြောင့် ရွာသွန်းခဲ့သော မိုးဖြင့် လည်ကောင်း၊ ဇွန် (၄) ရက်၊ ဇွန်လ (၈) ရက်၊ ဇွန်လ (၁၀)ရက်အတွင်းက ရွာသွန်းခဲ့သော မိုးဖြင့်လည်ကောင်း၊ နတ်မောက်မြို့နယ်အတွင်း မိုးရွာသွန်းမှု မတူညီခဲ့သော်လည်း ဒေသအလိုက် မိုးစိုက်သီးနှံများကို စတင်စိုက်ပျိုးနေကြပြီ ဖြစ်သည်။
နတ်မောက်မြို့နယ်တွင် မိုးစပါးဧက ၂၄၆၀၇ ဧက၊ မိုးနှမ်း ၁၆၈၅၀၀ ဧက၊ နေကြာ ၂၆၃၇၂ ဧက၊ ချည်မျှင်ရှည်ဝါ ၂၁၈၂၃ ဧက၊ ဖူးစားပြောင်း ၂၈၇၀၃ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ မိုးကောင်းသောက်လယ်မြေများတွင် မိုးစပါးကို စတင်ပျိုးထောင်စိုက်ပျိုးလျက်ရှိပြီး မိုးနှမ်းဧက ၁၃၂၅၂၈ ဧက၊ ဖူးစားပြောင်း ၁၂၈၆၃ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။
မူမူစန်း