ဝါးခယ်မမြို့နယ်၌ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်ရန် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ဝါးခယ်မ ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများအား လူအင်အား၊ စက်ယန္တရားများဖြင့် ရေမြောင်းများအား ရေစီးရေလာ ကောင်းမွန်‌စေရန် တူးဖော်ခြင်းကို ဝါးခယ်မမြို့၊ အ.ထ.က(၂)ကျောင်းရှေ့၌ ဆက်လက်တူးဖော်လျက် ရှိကြောင်း သိရသည်။

ယင်းသို့ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများကို ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၏ စီမံညွှန်ကြားမှုဖြင့် မင်းပိုင်းရပ်ကွက်ရှိ မြူရုံးလမ်း၊ ကမ်းနားလမ်းနှင့် ဖြတ်လမ်းများမှ ရေထွက်ပေါက်များ၊ စာရေးကုန်းရပ်ကွက် မြူရုံးလမ်း၊ ကမ်းနားလမ်းနှင့် ဖြတ်လမ်းများမှာ ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် အခြား ရပ်ကွက်များအား ဆက်လက်တူး‌ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာစေရေးအတွက် ရေနုတ်မြောင်းများ တူဖော်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် မြိုသန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုး၏ ပြောကြားချက်အရ သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)