တုံတာမြို့ရပ်ကွက် - ၁ ၌ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

တုံတာ ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တုံတာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ ယနေ့နံနက်(၈)နာရီခွဲတွင် ရပ်ကွက်-၁ ၌ နယ်လှည့်ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဒေါ်အဲန်းမေရီက တုံတာမြို့‌ပေါ်ရပ်ကွက်-၁ သူကြီးအိမ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါ‌တိုက်ဖျက်ရေးနေ့အ‌ကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အ‌ကြောင်းကို ဟောပြောခဲ့သည်။

ဟောပြောဆွေးနွေးပွဲအား ရပ်ကွက်‌နေပြည်သူများက စိတ်ပါဝင်စားစွာဖြင့်၊ သိလိုသည်များကို မေးမြန်းဖြေကြားကာ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဆွေးနွေးမေးဖြေပြုလုပ်ကာ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိခဲ့ရသည်။

အဲန်းမေရီ