စစ်ကိုင်း ဇွန် ၁၂
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ထူပါရုံအခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းသား/ ကျောင်းသူလေးများအား ဖိတ်ခေါ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟို ဌာန၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းက ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ဗဟုသုတများရရှိနိုင်စေရန် စာပေဖတ်ရှုလေ့လာကြဖို့လိုကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ/ အတက်ပညာများ ရရှိကာ အမှား/ အမှန် ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတ/ ရသ စာအုပ်များကို အခမဲ့ ငှားရမ်းပေးနေလျှက်ရှိရာ လာရောက်စာဖတ်ကြပါလို့ ဖိတ်ခေါ်ပါ ကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရန် ရှောင်ရန်/ ဆောင်ရန် အချက်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ မူးယစ်ဆေး ဝါးသုံးစွဲခြင်းဖြင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ဆွေးနွေးဟောပြောပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “မူးယစ်ကင်းစင် တို့ကျောင်းတစ်ခွင်” ပန်းချီပြိုင်ပွဲဆုရ နံရံကပ်ပန်းချီများအား ကျောင်းသား/ ကျောင်းသူလေးများက လေ့လာ ကြည့်ရှုခဲ့ကြသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန် ဟောပြေပွဲများ ဆောင်ရွက်ခြင်း၊ စာအုပ်များ အခမဲ့ငှားရမ်း ပေခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အသိပညာပေး Talk Show များ ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်