မရမ်းကုန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

မရမ်းကုန်း ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်()အ​ခြေခံပညာမူလတန်း​ကျောင်းနှင့် အမှတ်()ရပ်ကွက်ရှိ​​နေအိမ်များတွင် သွေးလွန်တုတ်ကွေး ရောဂါမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်သည့်လုပ်ငန်းများကို ယမန်​နေ့နံနက်ပိုင်းအချိန်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင်ကျောင်းနှင့်​နေအိမ်များရှိ ခြင်ခို​အောင်နိုင်​သော​​နေရာများ  ခြင်ဆေးမှုတ်ခြင်း၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့ဝင်စုစု​ပေါင်း(၁၅)ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေါ်​အေး​အေး​အောင်(ပြန်/ ဆက်)