လားရှိုး ဇွန် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၏ သား၊ သမီးများအတွက် ပညာသင်ထောက်ပံ့ခြင်းကို ဇွန်လ ၁၀ ရက် နေ့ နံနက်ပိုင်းက လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၂၀၂၂/၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ ဝန်ထမ်းသား၊သမီးများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် သည်။
ဆက်လက်၍ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၃/၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသား၊ သမီး(၁၀၄) ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)