တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များလာရောက်လှူဒါန်း

တံတားဦး ဇွန်  ၁၂

တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ တံတားဦးခရိုင် အမျိုးသမီးရေးရာဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းပြီး ယနေ့နံနက် (၉)နာရီက လာရောက်လှူဒါန်းကြောင်းသိရသည်။

တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များ လာရောက်လှူဒါန်းခြင်းအနေဖြင့် စာပေချစ်သူများအတွက် အသိပညာဗဟုသုတများ တိုးပွားရရှိရေး၊ စာပေများဖတ်ရှုခြင်းဖြင့် အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စေရေး၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ဗဟုသုတ အသိအလိမ္မာများ တိုးပွားရရှိရေး၊ အခြေခံပညာကျောင်းဖွင့်များစတင်ဖွင့်လှစ်နေပြီဖြစ်သဖြင့် ကျောင်းသား၊ကျောင်းသူများစာအုပ် စာစောင်များ တိုးပွဦးဖတ်ရှုစေရန် ရည်ရွယ်ပြီး တံတားဦးခရိုင် အမျိုးသမီးရေးရာဖွဲ့နှင့်  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးဘိုမောင်ထံမှ သိရသည်။

ဆိုပါ စာအုပ်များလှူဒါန်းခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြညဘ်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်တွင် ဆောင်ရွက်ကြပြီး စာပေချစ်သူများအတွက် တံတားဦးခရိုင်အမျိုးသမီးရေးရာဖွဲ့မှ သုတရသ(၃၅)အုပ်၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ စာအုပ်(၁၅)အုပ် စုစုပေါင်း(၅၀) အုပ် စုစုပေါင်းတန်ဖိုး(ငွေကျပ်(၅၀၀၀၀)ကျပ်တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ် ဦးစီးအရာရှိ ဦးဘိုမောင် က လက်ခံရယူကြကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)