အလုံမြို့နယ်၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

အလုံ ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား/ ကျောင်းသူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်စေရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက အလုံမြို့နယ်၊  စောရန်ပိုင်တောင်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက  ကျောင်းဝန်းအတွင်းရှိ အမြင်မတင့်တယ်သော သစ်ရွက်ခြောက်အမှိုက်များ၊ မြက်ပင်/ ချုံနွယ်များ ရှင်းလင်းခြင်း၊   ရေစည်၊ ရေအိုးများအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခြင်းတို့အား ဆောင်ရွက်ခဲ့သည်။

အလုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ သန့်ရှင့်သာယာလှပစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်တင်ချို  (ပြန်/ ဆက်)