ပန်းတောင်းမြို့နယ်တွင် ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပန်းတောင်း ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့မစာကြည့်တိုက်ကြီးကြပ်မှုကော်မတီနှင့် W-COM Co-Ltd တို့ ပူးပေါင်းဖွင့်လှစ်သည့် ကွန်ပျူတာ/ အင်္ဂလိပ်စကားပြော/ စာရင်းကိုင်/ ဈေးကွက်စီးပွားရေးဆိုင်ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ကပန်းတောင်းမြို့ မြို့မစာကြည့်တိုက်တွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ/ မြို့မစာကြည့်တိုက်ဥက္ကဋ္ဌ ဦးလှကျော်မှ မုဒိတာစကားပြောကြားခဲ့သည်။ ထို့နောက် W-COM Co-Ltd မှတာဝန်ခံနည်းပြဦးဝဏ္ဏထွန်းမှ ပညာရပ်ဆိုင်ရာ အကြောင်းများပြောကြားသွားပြီး၊ သင်တန်းတက်ရောက်သူ သင်တန်းသားများကိုယ်စား သင်တန်းသူ မသင်းသက်သက်ဟန်မှ ကျေးဇူးတင်စကား ပြောကြားသွားခဲ့သည်။

ဆက်လက်၍ သင်တန်းဆင်းလက်မှတ်ချီးမြှင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ၎င်း၊ မြို့မစာကြည့်တိုက်နာယက ဦးတင်လှိုင်မှ ၎င်းမြို့မစာကြည့်တိုက်ဥက္ကဋ္ဌ ဦးလှ‌ကျော်မှ၎င်း၊ သင်တန်းတာဝန်ခံ ဦးဝဏ္ဏထွန်းမှ ၎င်းသင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)