ညောင်တုန်း ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း တို့သည် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ သဇင်ရေကျော်ကျေးရွာအုပ်စုရှိ အမှတ်(၃) ဆားမလောက်စိုက်ပျိုး မွေးမြူရေးနှင့် အသက် မွေးမှုအတတ်သင်စခန်းသို့ ရောက်ရှိ လာပြီး အကျဉ်းသားများနှင့် တွေ့ဆုံ၍ ကျဉ်းသား အိပ်ဆောင်များ၊ ထမင်းစားဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တာဝန်ရှိသူများသည် အကျဉ်းဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လုံခြုံရေး ရဲကင်းများနှင့် အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)