မိုးနဲမြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာစိုက်ပျိုးမှု ကွင်ဆင်းဆောင်ရွက်

မိုးနဲ ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုက်ဟိုင်းကျေးရွာအုပ်စု၊ ကြာဖူးကွင်း  တောင်သူဦးစိုင်းအေထွမ်း၏ ယာမြေနေရာ၌ ရေဆင်း(၁)စပ်မျိုး မိုးနေကြာစိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းကာ ကွင်းဆင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် မိုးနေကြာအထွက်နှုန်းတိုးတက်စေရေးအတွက် ရေဆင်း(၁)စပ်မျိုးနေကြာစိုက်ပျိုးရာ စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧကအထွက်နှုန်းတိုးတက်စေရေး၊ မျိုးစိုက်စနစ်ဖြင့် သွင်းအားစုအသုံးပြုခြင်း၊ အပင်ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ နည်းစနစ်မှန် လိုက်နာဆောင်ရွက်စေရေး တောင်သူများအား ပညာပေးဆွေးနွေးပြောကြားပြီး ယခု‌နှစ် ဆီထွက်သီးနှံ မိုးနေကြာကို ၅၂ ဧကစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)