(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် ပြိုင်ပွဲများ မြန်အောင်မြို့ ပြန်/ဆက်ဦးစီးဌာန Community Centre ခန်းမတွင်ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့်ပြိုင်ပွဲများကို နိုဝင်ဘာ ၁၅ ရက်နေ့က မြန်အောင်မြို့ ပြန်/ဆက် ဦးစီးဌာန Community Centre ခန်းမနှင့် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။