မင်္ဂလာဒုံ ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးမိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မင်္ဂလာဒုံမြို့နယ်၊ လှော်ကားကြိုးဝိုင်းအတွင်း ကျင်းပရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ကျွန်းပင်နှင့်အစိုးရအဖွဲ့ ဝန်ကြီးများက မဟော်ဂနီပင်၊ပျဉ်းက တိုးပင်၊ ကံ့ကော်ပင်နှင့် ခရေပင်များကို စိုက်ပျိုးကြသည်။
အလားတူရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှအရာထမ်း၊ အမှုထမ်းများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ သစ်တောဝန်ထမ်းများအင်အား (၁၀၀၀)ခန့်ဖြင့်အမြင့်(၂) ပေနှင့်အထက်ရှိသော ကျွန်းပင်၊ မဟော်ဂနီပင်၊ ပျဉ်းကတိုးပင်၊ မန်ဂျန်ရှားပင်၊ ပျဉ်းမပင်၊ ကံ့ကော်ပင်၊ ခရေပင်၊ စုစုပေါင်းပျိုးပင်(၅ဝဝဝ) ကိုစိုက်ပျိုးပေးကြသည် ။
ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း လူထုဖြန့် ပျိုးပင်ပေါင်း (၄၅ဝဝဝဝ)ပင်အား ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် ဆက်လက်၍ ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၂ ခုနှစ်ကလှော်ကားကြိုးဝိုင်းအတွင်း စိုက်ပျိုးခဲ့သည့်အပင်များမှ မန်ဂျန်ရှားး ၂၅၀၀ပင် ၊ မဟော်ဂနီ ၁၀၀၀ ပင်၊ ပျဉ်းမ ၁၀၀၀ ပင်၊ ပျဉ်းကတိုး ၄၉၀ ပင်၊ ကံ့ကော် ၁၀ ပင် စုစုပေါင်း ပျိုးပင်(၅၀၀၀)စိုက်ပျိုးခဲ့ရာ ၄၈၃၇ ရှင်သန်ခဲ့ကြောင်းနှင့်ယခုနှစ်တွင်ကျွန်းပင် ၁၊ မဟော်ဂနီ ၁၉၀၅ ပင်၊ပျဉ်းကတိုး ၁၂၀၄ ပင်၊ မန်ဂျန်ရှား ၁၂၀၀ ပင်၊ ပျဉ်းမ ၆၈၀ ပင်၊ ကံ့ကော် ၅ ပင် နှင့်ခရေ ၅ ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)