မိုင်းရယ် ဇွန် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြုလုပ်သည့် လူငယ်နှင့်အားကစားသိကောင်းစရာ အသိပညာပေးဆွေးနွေးခြင်း talk show ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုခန်းမ၌ ပြုလုပ်သည်။
အဆိုပါ အသိပညာပေးဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစိုင်းလှရွှေက လူငယ်နှင့်အားကစားဆက်စပ်မှု၊ ယခင်ကလူငယ်များနှင့် ယနေ့ခေတ် လူငယ်များ အားကစားလိုက်စားပုံကွာခြားချက်၊ အားကစားလိုက်စားသည့်လူငယ်များ ဉာဏ်ပညာကောင်းပြီး ထူးချွန်ထက်မြက်မှု၊ အုပ်ထိန်းသူမိဘများအနေဖြင့် သားသမီးများရှေ့ရေးအတွက်ရှေးရှု၍ အားကစားနှင့်ပညာရေးကို မျှတအောင်ဆောင်ရွက်တတ်စေရန် အားပေးထောက်ပံ့ပေးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စပယ်ဖူးက လူငယ်များအားကစားကို လေ့လာလိုက်စားပါကရရှိလာမည့် အကျိုးကျေးဇူး (၉)ချက်ကို ဆွေးနွေးခဲ့သည်။
မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူနှင့် ကျောင်းသား/သူလူငယ်များ အသိပညာပေးတိုးပွားစေရန်အတွက် ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ အသိပညာပေး talk show၊ ပြပွဲ၊ ပြိုင်ပွဲများ စသည်တို့ကို ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လစဉ်ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်(ပြန်/ဆက်)