လပွတ္တာ ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး အပူဒဏ်အန္တရာယ် လျော့နည်းစေရန်နှင့် သစ်တောများ ပြုန်းတီးမှုကြောင့် ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်စေရန်အတွက် ပျိုးပင်များကို သစ်တောဦးစီးဌာနမြို့ မယာယီပျိုးဥယျာဥ်ခြံ၌ စနစ်တကျ ပြုစုပျိုးထောင်ထားကြောင်း သိရသည်။
အဆိုပါ ပျိုးပင်များကို ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် စိုက်ပျိုးနိုင်ရန် ကျွန်း(၂၀၀၀)၊ ပျဥ်းကတိုး(၂၀၀၀)၊ မဟော်ဂနီ (၂၀၀၀)၊ ယူကလစ် (၅၀၀၀)၊ မာလာလူကား (၂၀၀၀)၊ ခရေ (၁၅၀၀)၊ ကံကော် (၅၀၀)၊ စိန်ပန်း (၁၅၀၀)၊ ငုရွှေဝါ (၁၀၀၀) တို့ကို ၂၀၂၃ ခုနှစ် မိုးရာသီကာလတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ဖြန့်ဝေပေးသွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် သစ်တော သစ်ပင်များကို ချစ်မြတ်နိုးပြီး တန်ဖိုးထား ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ပျိုးထောင်ထားခြင်းဖြစ်ကြောင်း၊ နှစ်စဉ်ဒေသခံပြည်သူများအား ဖြန့်ဝေခဲ့သောပျိုးပင် များလည်း ယခုအခါအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ခရိုင် (ပြန်/ဆက်)