ကျောက်မဲမြို့နယ်တွင် ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များထောက်ပံ့

ကျောက်မဲ ဇွန် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်  ဆင်းရဲနွမ်းပါးသည့် ရပ်ကွက်နေအိမ်ထောင်စု (၂၀၀)ဦးအား ယနေ့နံနက်ပိုင်းက အခြေခံစားသောက် ကုန်များ ထောက်ပံ့ပေးလှူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုတွင် ကျောက်မဲမြို့နေ ကိုရန်နိုင်ဦး+မကြည်ကြည်ခိုင် မိသားစုမှ အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ အသားတု စသည်များကို ထောက်ပံ့ လှူဒါန်းခဲ့သည်။ ထိုသို့လှူဒါန်းရခြင်းမှာ ဆင်းရဲနွမ်းပါးသည့် ရပ်ကွက်နေပြည်သူများ မိသားစု စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်၊မိသားစုအခက်အခဲများဖြေရှင်းနိုင်စေရန် ရည်ရွယ်၍ လှူဒါန်းပေးခြင်းဖြစ်ကြောင်း အဆိုပါလှူဒါန်းရာသို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်ကြိုင်မြင့်နှင့် တာဝန်ရှိသူများက တာဝန်ယူကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)