ကျောက်တံတား ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေချိန်တွင် သွေးလွန်တုတ်ကွေးရောဂါမဖြစ်စေရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေးအတွက် ယနေ့ နံနက်၈နာရီတွင် အမှတ်(၄)ရပ်ကွက် ပန်းဆိုးတန်းလမ်းမရှိ အ.မ.က(၆) အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် အဘိတ်ဆေးခတ်ခြင်းနှင့်ခြင်ဆေးဖျန်းခြင်း ကျောင်းသန့် ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ကျောက်တံတားမြို့နယ် အမှတ်(၄)ရပ်ကွက် ပန်းဆိုးတန်းလမ်းမရှိ အ.မ.က(၆)အခြေခံပညာမူလတန်းကျောင်းတွင် ကျောက်တံတားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖဦးသိန်းနိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သွေးလွန်တုပ်ကွေးမဖြစ်ပွားစေရန် ကျောင်းတွင်းရေကန်များ၊ ရေစည်များအတွင်း အဘိတ်ဆေးခပ်ခြင်း ခြင်ခိုင်အောင်နိုင်ခြင်းမရှိစေရန် ခြင်ဆေးဖျန်းခြင်း၊ ကျောင်းပတ်ဝန်းကျင်အမှိုက်သရိုက်များ သန့်ရှင်းရှင်းလင်းခြင်း ကျောင်းတွင်းသန့်ရှင်းရေးများ ပြုလုပ်ပေးခြင်း၊ စတီးဘေးစင် ရေဘုံဘိုင်ခေါင်းများ ရေဆင်းပိုက်များ မကောင်းသည် များလဲလှယ်ပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှထွေး (ပြန်/ ဆက်)