တာလေမြို့၌ မိုးရာသီသီးနှံစုံ (၇၃၃၀) ဧက စိုက်ပျိုးမည်

တာလေ ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်ကြရာ ၂၀၂၃-၂၀၂၄ ခုနှစ်၌ မိုးရာသီသီးနှံစုံ(၇၃၃၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဉီးစီးဌာန၏ စာရင်းများ အရ သိရသည်။

ယခုနှစ် မိုးရာသီသီးနှံစုံစိုက်ပျိုးရာတွင် မိုးကောင်းရေသောက်စနစ်ဖြင့်စိုက်ပျိုးသွားမည်ဖြစ်ပြီး မိုးစပါး(၆၀၉၃)ဧက၊ အစေ့ထုတ်ပြောင်း(၂၈၃)ဧက၊ ဖူးစာပြောင်း(၉၀)ဧက၊ မြေပဲ(၁၃၅)ဧက၊ နှမ်း(၁၉)ဧက၊ နေကြာ(၇)ဧက၊ ပဲပုတ်(၈၄)ဧက၊ အခြားပဲ(၅၄)ဧက၊ ငရုတ်(၁၂၄)ဧကနှင့် ဟင်းသီး ဟင်းရွက်(၄၄၁)ဧက စုစုပေါင်းမိုးရာသီသီးနှံစုံ(၇၃၃၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။

မိုးရာသီသီးနှံများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းလှိုင်နှင့် ဝန်ထမ်း များက စိုက်နည်းစနစ်များမှန်ကန်စေရေးနှင့် အထွက်နှုန်းကောင်းစေရေး တောင်သူပညာပေး လုပ် ငန်းများ ဆောင်ရွက်ပေးခြင်း၊ နည်းပညာများဖြန့်ဝေပေးခြင်းတို့ကို ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိပြီး လိုအပ်သည့် မျိုးစေ့များအား အခမဲ့ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)