​မာန်အောင်မြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ​မာန်အောင်မြို့နယ်၌  (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အ-ထ-က (ခွဲ)စျေးတန်းကျောင်း၌ ကျင်းပခဲ့သည်။

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ ဟိုပန်၌ ပြုလုပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံတောင်သူ များအား ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်ပြုလုပ်ရာ စိုကပျိုးရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမြန်မာခန်းမ၌ သတင်းမီဒီယာကောင်စီနှင့် ပညာရေး၀န်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော သတင်းမှား၊ သတင်းမှန်ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ စက်ရေတွင်း (တွင်းနက်) တူးဖော်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စက်ရေတွင်း (တွင်းနက်) တူးဖော်ပြီးစီးမှုအား ယ‌မန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီရေတောများသည် လူသားတို့အတွက် တိုင်းတာ၍မရသော အကျိုးကျေးဇူးများ အများအပြား ပေးနိုင်သဖြင့် ထိန်းသိမ်းကာကွယ်ရန် လိုအပ်

ဧရာဝတီတိုင်းဒေသကြီးတွင် ဒီရေတောဧရိယာအဖြစ် ဧကပေါင်း (၇၁၁၆၉၆)ဧကနှင့် ဟက်တာပေါင်း (၂၈၈၀၁၉)ဟက်တာ တည်ရှိရာ အဆိုပါ ဒီရေတောများသည် လူသားတို့အတွက် တိုင်းတာ၍ မရနိုင်သော အကျိုးကျေးဇူးများ အများအပြားပေးနိုင်သဖြင့် ဒီရေတောများအား လူသားတို့အနေဖြင့် တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်နိုင်ရန် အဓိက လိုအပ်သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မိုင်းအသိပညာပေး ဟောပြောခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ယနေ့နံနက် ၇နာရီက မိုင်းအသိပညာပေးဟောပြောခြင်းကို မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံ၌ ဆောင်ရွက်ကြောင်း သိရသည်။

အ.မ.ကပိန္နဲကုန်းကျောင်း၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘာအံခရိုင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းများ အသိပညာဗဟုသုတပိုမိုရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က အ.မ.က ပိန္နဲကုန်းကျောင်း၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပိုစတာပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပိုစတာပြိုင်ပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မေယုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် (၁၀၂) နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ညနေ့ (၃) နာရီအချိန်က အမှတ်(၃) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား အခမဲ ့ဖြန့်ဝေပေးခဲ့‌သည်။

ဝမ်းတွင်းမြို့နယ်တွင် စိုက်ပျိုးဧက  ၇၀၀ ကျော် အကျိုးပြုမည့် ခါးတက္ကန်ကျေးရွာ ကျေးလက်ကုန် ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် စိုက်ပျိုးဧက ၇၀၀ ကျော် အကျိုးပြုမည့် ခါးတက္ကန် ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ် ကာလအတွင်း ပြီးစီးနိုင်ရေး တာဝန်ရှိသူများက   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to